မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ(MAPCO)မှ နှစ်ရှည်ဌားရမ်းထားသော ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ဂုန်နီစက်ရုံမှ မူလဆုံးဖြတ်ထားသည့် အလုပ်သမား၂၀၀ ကျော်ကို အလုပ်ရပ်နားမည့်ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး ကုန်ထုတ်ဌာနဝန်ထမ်းများအနက်မှ အသက်(၅၀)နဲ့အောက် ဝန်ထမ်းများကို စက်ရုံရှိအခြားဌာနများသို့ ပြောင်းရွေ့အလုပ်ခန့်ထားပေးမည်ဟု MAPCO ကဩဂုတ်လ(၃၁) ရက်နေ့တွင် ပြန်လည်ထုတ်ပြန်လိုက်သည်။ ဒါပေမယ့် ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပြောင်းရွေးအလုပ်ခန့်ခံရမည့် အလုပ်သမားများအနေဖြင့် သူတို့အတွက် ကုမ္ပဏီစာချုပ်အသစ်ပြန်ချုပ်မည် ဖြစ်သောကြောင့် အချိန်မရွေးအလုပ်ပြန်လည်ရပ်နားခံရနိုင်သည်ဟု စိုးရိမ်မှုများရှိကာ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဟု အလုပ်သမားတွေကဆိုပါသည်။

သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်/Myanmar Now