မန္တလေးမြို့မှ ထင်ရှားကျော်ကြားသူ အစ္စလာမ်ဘာသာဝင် နိုင်ငံရေးသမား ဒေါ်ဝင်းမြမြမှာ နှစ်ပေါင်း ၃၀ ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်လာသည်။ ဩဂုတ်လ ၂၅ ရက်နေ့က ဘုန်းကြီးအများစုပါသော စဉ့်ကိုင်ဒေသခံတချို့က လက်မှတ်ရေးထိုးပြီး ဒေါ်ဝင်းမြမြကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ပေးရန် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ တောင်းဆိုခဲ့သည်။ နှစ်ပေါင်း ၃၀ ကျော်ကြာ ဘဝကိုပေးဆပ်ခဲ့သည့် သူမ၏ နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံများကို Myanmar Now မှ တွေ့ဆုံမေးမြန်းထားသည်ကို ပြန်လည်ထုတ်လွှင့်လိုက်သည်။
တွေ့ဆုံမေးမြန်း - ဉာဏ်လှိုင်လင်း/Myanmar Now
ရိုက်ကူး - မင်းမင်း/Myanmar Now




