ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက် သီပေါမြို့နှင့် မိုင် ၂၀ ခန့် ကွာဝေးသည့် ကုံးမုံရွာအနီးတွင် အမျိုးသားသုံးဦးပစ်သတ်ခံရပြီး ဆိုင်ကယ်တစ်စီးကို မီးရှို့ဖျက်ဆီးထားခဲ့သည်ဟု ဒေသခံများကပြောသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကစပြီး ၉ လအတွင်း သီပေါမြို့နယ် ကုံးမုံကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီးသေဆုံးသူ ၁၆ ဦးအထိရှိသည်ဟု သိရပါသည်။

သတင်းနှင့်ရိုက်ကူး - မြတ်မိုးသူ/Myanmar Now