တာမွေမြို့နယ် သတိပဌာန်လမ်းပေါ်ရှိ အများပိုင်မြေပေါ်တွင် ကျူးကျော်ပြီးဆောက်လုပ်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပိုင် ဖြိုးစေတနာဆေးခန်းကို ဩဂုတ်လ ၂၇ ရက်နေ့တွင် စတင်ဖြိုဖျက်လိုက်သည်။ လက်ရှိဖြိုဖျက်နေသည့် ဖြိုးစေတနာဆေးခန်းအပါအဝင် တာမွေမြို့နယ်အတွင်းဖယ်ရှားပေးဖို့ အဆောက်အအုံ သုံးခုအပြင် အများပြည်သူပိုင်စာကြည့်တိုက်တခု ပြန်လည်လွှဲပေးရန် ကျန်ရှိနေသေးသည်ဟု ဆိုသည်။
သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now



