ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံစက်မှုဇုန်အနီးတွင် အသက်လေးနှစ်အရွယ် ယောက်ျားလေးတစ်ဦးကို အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက လိင်ပိုင်းဆိုင်ရာစော်ကားမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ကျူးလွန်သည်ဟု စွပ်စွဲခံထားရသူကို ဩဂုတ်လ ၂၆ ရက်နေ့ အရှေ့ပိုင်းခရိုင်တရားရုံးတွင် ပုဒ်မ ၃၇၇ ဓမ္မတာနှင့်ဆန့်ကျင်သောမုဒိန်းမှုဖြင့် တရားစွဲတင်လိုက်သည်။
သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now



