ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် အသက် ၉ နှစ်အရွယ်မိန်းကလေးတစ်ဦးကို အသက် ၁၇ အရွယ်ရှိတဲ့ သက်ပိုင်ဦးဆိုသူက အဓမ္မကျူးလွန်မှုဖြစ်ပွားခဲ့ပါသည်။ မိန်းကလေးငယ်၏ မိန်းမကိုယ်တွင်ရရှိသည့် ဒဏ်ရာပြင်းထန်သောကြောင့် ခန္ဓာကိုယ် အတွင်းအပြင် အထပ်ထပ်ချုပ်ထားရပြီး ဝမ်းသွားတဲ့အပေါက်ကိုပါချုပ်ထားရတာကြောင့် ဗိုက်ဖောက်ပြီး အူမကြီးကနေ ဝမ်းသွားနိုင်အောင် ပြုလုပ်ထားရသည်ဟု ကလေးငယ်၏မိခင်ကဆိုသည်။
သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now



