ပြီးခဲ့သည့်ရက်ပိုင်းက ပါတီဝင်တချို့၏ နေအိမ်များသို့ သွားရောက်ရာတွင် လူစုလူဝေးဖြစ်ပေါ်စေမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူပေးရန် NLD ၏ မြို့နယ်အတွင်းရေးမှူးဟောင်းတစ်ဦးက ယနေ့တိုင်ကြားခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးထံ လိပ်မူပြီး သြဂုတ် ၂၄ ရက်စွဲဖြင့် တိုင်ကြားသည့်စာကို ဇဗ္ဗူသီရိမြို့နယ် NLD အတွင်းရေးမှုးအဖြစ် တာဝန်ယူဖူးသူ ညီညီ (ခ) ဦးထွန်းမြင့်အောင်က ပေးပို့ခြင်းဖြစ်သည်။ သူသည် ရန်ပွဲတစ်ခုတွင် ထောင်ကျပြီးနောက် ပါတီနဲ့ ကင်းကွာသွားပြီး NLD အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း နေပြည်တော်က ဝင်ပြိုင်သည့် တသီးပုဂ္ဂလအမတ်လောင်းတစ်ဦးကို ကူညီပံ့ပိုးပေးခဲ့ဖူးသူဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - မင်းမင်း/Myanmar Now