စဉ့်ကူးမြို့နယ် ငွေတောင်ကျေးရွာမှနေအိမ်များထဲသို့ အရပ်ဝတ်ဝတ်ထားသည့် တပ်မတော်သားသုံးဦးနှင့် တပ်မတော်ကတာဝန်ပေးထားသည့် ညောင်ဝန်းကျေးရွာသားသုံးဦးတို့သည့် နေအိမ်များထဲသို့ ဝင်ရောက်ပြီး ဓာတ်ပုံရိုက်တာ၊ မြေတိုင်းတာကာ နေအိမ်မှ ဖယ်မပေးရင် ထောင်ကျမည်ဟု ပြောဆိုခဲ့ကြောင်း ရွာသားကဆိုသည်။ ထိုသို့ဝင်ရောက်ပြီး ခြိမ်းခြောက်ပြောဆိုသူများကို ရွာသားများက ပုဒ်မသုံးခုနဲ့ အမှုဖွင့်တိုင်ကြားထားကြောင်းသိရသည်။

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်