ထိတ်လန့်တုန်လှုပ်ဖွယ် မင်္ဂလာဒုံလေးလောင်းပြိုင်လူသတ်မှုတွင် အိမ်ထောင်ဦးစီးဖြစ်သည့် ဒုရဲအုပ်ဟောင်း စိုးနောင်သည် အသက် ၃၄နှစ်အရွယ်ဇနီးနှင့် အသက် ၁၃ နှစ်၊ ၈ နှစ်အရွယ်ရှိ သားနှစ်ယောက်ကိုသတ်ပစ်ခဲ့ပြီး ကိုယ်တိုင်လည်းသတ်သေခဲ့သည်ဟု အခင်းဖြစ်ပြီး ဆယ်လအကြာ ၂၀၁၇ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသည်။ ၎င်းအမှုသည် လေးနှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မိခင်ဖြစ်သူက ကိုစိုးနောင်တို့မိသားစုသည် ကိုယ့်ကိုကိုယ်သတ်သေခဲ့သည်ဟူသော ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို လက်မခံနိုင်ဘဲ အမှုအမှန်ပေါ်ပေါက်ရန် အခုအချိန်အထိ မျှော်လင့်နေဆဲဖြစ်သည်။

သတင်း - ကေဇွန်နွေး/Myanmar Now

ရိုက်ကူး - စိုင်းဇော်၊ အောင်ကိုကိုဦး၊ ကေဇွန်နွေး/Myanmar Now

 

စိုင်းဇော်သည် Myanmar Now သတင်းဌာန၏ ဓာတ်ပုံသတင်းထောက်ဖြစ်သည်

အောင်ကိုကိုဦးသည် Myanmar Now သတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။