ရွေးကောက်ပွဲကော်မရှင်က ယခုချိန်အထိ နိုင်ငံရေးပါတီများကို မဲဆွယ်ခွင့်မပေးသေးပေမယ့် နိုင်ငံရေးပါတီတချို့သည် ၎င်းတို့ပါတီမိတ်ဆက်မှုများကို အခြေခံလူတန်းစားတွေကြားတွင် စတင်လုပ်ဆောင်လာပြီဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အခြေခံလူတန်းစားအများစုသည် NLD ပါတီကို ထောက်ခံဝန်းရံခဲ့ကြသည်ကို တွေ့ခဲ့ရပြီး လာမည့်ရွေးကောက်ပွဲအပေါ် သူတို့ရဲ့အမြင်များကို ရိုက်ကူးတင်ဆက်ထားသည်။
သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်/Myanmar Now




