ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် တပ်မတော်ကို အကြည်အညိုပျက်အောင်လုပ်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရသည့် ရွှေဝါရောင်ဆရာတော် ဦးစိန္တိတကို တရားရုံးက အာမခံပေးလိုက်ပါသည်။ ဆရာတော်ဦးစိန္တိတသည် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ရေးသားပြောဆိုချက်များကို လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားလေ့ရှိပြီး၊ ဒီလိုရေးသားခြင်းသည် တပ်မတော်ကို ကောင်းမွန်စေချင်သဖြင့် ထောက်ပြဝေဖန်ခြင်းဖြစ်သည် ဆိုပါသည်။

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

 

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်