တပ်မတော်အရာရှိတစ်ဦး၏ဇနီး ဒေါ်သိင်္ဂီစု၏ နှိပ်စက်မှုကြောင့် သေဆုံးခဲ့သည့် အိမ်အကူမကရင်မအမှုအား ကြားနာစစ်ဆေးနေသည့် တရားသူကြီး အနားယူသွားမည်ကို မကရင်မဘက်က လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေက စိုးရိမ်နေသည်။ ၎င်းအမှုသည် နှစ်နှစ်ကျော်ကြာမြင့်နေပြီး ကိုင်တယ်သည့် တရားသူကြီးသည် ယခုနှစ် အောက်တိုဘာလအတွင်း အငြိမ်းစားယူတော့မည်ဟု ဆိုသည်။
သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now



