ရွေးကောက်ပွဲတွေကို လေ့လာစောင့်ကြည့်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ကို၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လေ့လာစောင့်ကြည့်ခွင့်မပြုဟု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားခဲ့သည်။ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့သည် ၂၀၁၅ ရွေးကောက်ပွဲအပါဝင် ကြားဖြတ်ရွေးကောက်ပွဲများကိုလည်း စောင့်ကြည့်လေ့လာခွင့်ရခဲ့သည့် အဖွဲ့ဖြစ်သည်။
သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now



