အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး မူဆယ်မြို့မှ ဝင်ရောက်ယှဥ်ပြိုင်မည့် ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးထွန်းကိုကို အားဒေသခံပြည်သူလူထု ၆၇၀ ကျော်မှ လက်မှတ်ရေးထိုးကန့်ကွက်ခဲ့သည်။ ဇူလိုင် ၂၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တရားဝင်ထုတ်ပြန်ခဲ့သည့် ကိုယ်စားလှယ်လောင်း ဒေါ်စန်းစန်းထွေးနေရာတွင် ရှင်းလင်းချက်တစ်စုံတစ်ရာမရှိဘဲ ပါတီဗဟို၏ ညွှန်ကြားချက်ဖြင့် ဦးထွန်းကိုကို အားအစားထိုးခန့်အပ်ခဲ့သဖြင့် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
သတင်းနှင့်ရိုက်ကူး - မြတ်မိုးသူ/Myanmar Now




