၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးတွင် First Time Voter ခေါ် အသက် ၁၈ နှစ်ပြည့်ပြီးသား ပထမဆုံးအကြိမ်မဲပေးမည့် လူငယ်မဲဆန္ဒရှင် ၅ သန်းနီးပါးရှိကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။ ပထမဆုံးအကြိမ်မဲပေးမည့် လူငယ်များ၏မဲတစ်ပြားသည် ရွေးကောက်ပွဲရလာဒ်အတွက်အရေးပါသလို လူငယ်များ၏ နိုင်ငံရေးအပေါ်စိတ်ဝင်စားမှုရှိမရှိသည်လည်း တိုင်းပြည်ရဲ့အနာဂတ်အတွက် အရေးကြီးလှသည်။
သတင်းနှင့်ရိုက်ကူး - အောင်ကိုကိုဦး/Myanmar Now




