ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်မပြိုင်တော့ပါဟု ဩဂုတ်လ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ UBP ပါတီအနေဖြင့် တစ်နိုင်ငံလုံးတွင် ကိုယ်စားလှယ်လောင်း ၉၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအသုံးစားရိတ်အဖြစ် ကျပ်ဘီလျံချီ သုံးစွဲသွားမည်ဟု သူရဦးရွှေမန်းက ပြောသည်။

သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်/Myanmar Now