ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနှင့် နဝရတ်တေးသံသွင်းမှ ဦးဝေထွန်းတို့အား လမ်းညွှန်ချက်ကိုဖောက်ဖျက်ပြီး လူစုလူဝေးနှင့် ဘာသာရေးပွဲပြုလုပ်ခဲ့သည့်အတွက် အလုပ်နှင့်ထောင်ဒဏ်(၃)လစီကျခံစေဖို့ မရမ်းကုန်းမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ပါသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)အရ အမိန့်ချမှတ်ခဲ့ပြီး ချုပ်ရက်များ ထုတ်နှုတ်ခံစားခွင့်ပြုသောကြောင့် ရက်သတ္တပတ်(၂)ပတ်ပြီးနောက် ပြန်လည်လွတ်မြောက်မှာဖြစ်ပါသည်။
သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်/Myanmar Now



