အသက် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေးငယ်အား ညှဉ်းပန်းနှိပ်စက်သူ မသိင်္ဂီထွန်းအား ထောင်ဒဏ် ၁၅ ရက်ချမှတ်မှုအပေါ် အမျိုးသမီးအရေးလှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။ အိမ်ရှင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် အိမ်အကူမိန်းကလေးငယ်တွင် ဖူးယောင်ဒဏ်ရာ၊ ဓါးနှင့်မွှန်းသည့်ဒဏ်ရာ၊ ရေနွေးပူလောင်သည့်ဒဏ်ရာ၊ မီးပူကပ်ခံထားရသည့်ဒဏ်ရာများရရှိခဲ့သည်။
သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now



