မန္တလေးလူငယ်သင်တန်းကျောင်းမှ မောင်ခိုင်ဇော်ထွန်းသည် ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသနေစဉ် ထပ်မံသေဆုံးသွားခဲ့သည်။ ဇူလိုင် ၃၁ တွင် ၎င်း၏အမှုတွဲဖြစ်သူ မောင်ပြည့်ဖြိုးမောင်သည်လည်း ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် သင်တန်းကျောင်း၌ သေဆုံးခဲ့သည်။

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်