လုယက်မှုဖြင့် ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံရသည့် အသက် ၁၈ နှစ်အရွယ် မောင်ပြည့်ဖြိုးမောင်သည် ဇူလိုင် ၂၆ ရက်နေ့တွင် မန္တလေးလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိလာပြီး ငါးရက်အကြာ ဇူလိုင် ၃၁ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။ မောင်ပြည့်ဖြိုးမောင်၏ ခန္ဓာကိုယ်တွင် ညိုမဲစွဲဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည့်အတွက် မိဘများမှ တရားမျှတမှုရရှိရန် တောင်းဆိုလိုက်သည်။

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်