မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် (၂)ရှိ ရွှေနန်းတော် သံရည်ကြိုစက်ရုံလုပ်ငန်းခွင်အတွင်း သံရည်ကြိုနေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အလုပ်သမားငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ပေါက်ကွဲမှုအသံကြောင့် ဗုံးပေါက်ကွဲသည်ဟု လူမှုကွန်ယက်ပေါ်တွင် ကောလာဟလပျံ့နှံ့နေပြီး ဒဏ်ရာရရှိသူ ၅ ဦးအနက် တစ်ဦးမှာ စိုးရိမ်ရသည်ဟု သိရှိရသည်။

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်