ဇူလိုင် ၁၉ ရက်ညပိုင်းတွင် ကျိုးပေါက်သွားခဲ့သည့် အမရပူရမြို့နယ် ဧရာဝတီမြစ်ကမ်းပါး ရွှေဂဲ ရေထိန်းတံခါးနေရာမှ အပေါက်အား ၂၄ နာရီအကြာ ဇူလိုင် ၂၀ ရက် ညပိုင်း၌ ပိတ်နိုင်ခဲ့သည်။ တာရိုးကျိုးပေါက်မှုကြောင့် အိမ်ခြေပေါင်း ၂၄၇၃၊ အိမ်ထောင်စု ၂၇၁၀၊ လူဦးရေ ၁၂၀၀၉ ဦး ရေဘေးသင့်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၂၂ ခုဖွင့် လှစ် ကူညီထားရသည်ဟု အုပ်ချုပ်ရေးအဖွဲ့၏ စာရင်းများအရ သိရပါသည်။
သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now



