သတင်းမီဒီယာသမားများ၊ အနုပညာရှင်များနဲ့ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်အတွက် ကိုဗစ်ကာလအတွင်း စားသောက်ရေး အဆင်ပြေရန် ဆန် ၊ ဆီ၊ ပဲ၊ ဆားတို့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တပ်မတော်ခန်းမတွင် ပေးအပ်ခဲ့ပါသည်။ တပ်မတော်အနေဖြင့် ပြီးခဲ့တဲ့ မေလက မန္တလေးမြို့တွင်တကြိမ်၊ ဇွန်လက ရန်ကုန်တွင်တကြိမ် ကူညီထောက်ပံ့ရေး ပစ္စည်းများအား ပေးအပ်ကူညီခဲ့ဖူးသည်။
သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now



