စေတီတော်ပြန်လည်ဖွင့်လှစ်နိုင်ရန် သာသနာရေးရာဝန်ကြီးဌာနနဲ့ ဂေါပကအဖွဲ့အကြား ဆွေးနွေးမှုများရှိပြီး ဂေါပကအဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရေးဆွဲနေလျက်ရှိသည်။ ရန်ကုန်တိုင်းအတွင်းရှိ စေတီပုထိုးများအား တိုင်းအစိုးရညွှန်ကြားချက်ဖြင့် ဖွင့်နိုင်ပိတ်နိုင်သော်လည်း ရွှေတိဂုံစေတီတော်အား ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ရှိမှ ပြန်လည်ဖွင့်လှစ်နိုင်မည်။
သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now



