ကချင်ပြည်နယ်ဖားကန့်ကျောက်စိမ်းနယ်မြေတွင် ယနေ့နံနက်ပိုင်းမြေပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ၂၀၀ ခန့်မျောပါပြီး နေ့လယ်ပိုင်းအထိ ရုပ်အလောင်း ၁၀၀ ခန့်တွေ့ရှိထားပါသည်။ မိုးရွာသွန်းမှုနှင့် မြေပြိုမှုများ ဆက်ရှိနေသောကြောင့် ရုပ်အလောင်းရှာဖွေမှုများ ယာယီရပ်ဆိုင်းထားသည်။
သတင်း - ကေဇွန်နွေး/Myanmar Now



