၂၀၁၉ ခုနှစ်သင်္ကြန် သံချပ်ထိုးရာတွင် တပ်မတော်ကို ဝေဖန်သည့်စာသားများပါဝင်ခဲ့သောကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခံထားရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇော်လင်းထွဋ် ခေါ် ဖိုးသားသည် လွတ်ရက်စေ့ပြီး အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ ကိုဇော်လင်းထွဋ်လွတ်မြောက်လာသော်လည်း ၎င်းတို့အဖွဲ့ဝင်ထဲမှတချို့သည် နောက်ထပ်အမှုဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now