အမှုသည်ဆီမှ ငွေဆယ်သိန်းလာဘ်စားမှုဖြင့် အဂတိကော်မရှင်မှ တရားစွဲဆိုထားသည့် ဒုရဲမှူးဟောင်းသိန်းဆွေမြင့်အား ယနေ့ လှိုင်မြို့နယ်တရားရုံးတွင် သုံးကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုကို စတင်စစ်ဆေးခဲ့သည်။
အမှုတွင် တရာလိုဘက်မှ တင်သွင်းထားသည့် သက်သေ(၁၂)ယောက်ရှိပြီး သက်သေခိုင်လုံပါက အမြင့်ဆုံးငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ်(၇)နှစ်အထိ ချမှတ်နိုင်ပါသည်။
သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now



