လာမည့်အထွေထွေရွေးကောက်ပွဲတွင် တပ်မဲရုံများအား တပ်အပြင်ထုတ်လိုက်သော်လည်း နိုင်ငံရေးပါတီများကို တပ်ဧရိယာအတွင်း မဲဆွယ်စည်းရုံးခွင့်မပြုဘူးလို့ တပ်မတော်က ပြောကြားလိုက်သည်။ တပ်မတော်သားများအနေဖြင့် သူတို့ကြိုက်သည့်ပါတီကို မဲပေးနိုင်ရန် မဲဆွယ်စည်းရုံးခွင့်က အရေးကြီးကြောင်း အခြေခံဥပဒေအရ လွတ်လပ်စွာ စည်းရုံးခွင့်ရှိကြောင်း NLD က ပြောကြားခဲ့သည်။

သတင်း - ရန်မိုးနိုင်/Myanmar Now

ရိုက်ကူး - ရန်မိုးနိုင်၊ မင်းမင်း/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်