ကိုဗစ်နိုင်တင်းရောဂါကို နိုင်ငံခြားမှ ဝင်ရောက်လာသည့် ရောဂါဟုသတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံခြားသားများကို ကြောက်ရွံ့မှုနှင့် ခွဲခြားဆက်ဆံမှုများ ပိုများလာခဲ့သည်။

ဒါကြောင့် မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားသားများအပေါ် စိုးရိမ်ကြောက်လန့်မှု ပိုများလာခဲ့သလို နိုင်ငံခြားသားများအနေနှင့်လည်း ကိုဗစ်ကာလအတွင်း အရင်ကထက် အခက်အခဲများနဲ့ ပိုမိုကြုံတွေ့လာရသည်။

သတင်းနှင့်ရိုက်ကူး − ကေဇွန်နွေး/Myanmar Now