မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့ဝင်များသည် အလှူရှင်များ၏ ထောက်ပံ့ကူညီမှုဖြင့် တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားများကို ထမင်းဟင်းများ ချက်ပြုတ်ပြီး ဝေငှပေးလျက်ရှိသည်။
ကိုဗစ်နိုင်တင်း(Covid-19) ဂယက်ကြောင့် အခြေခံလူတန်းစားများ၏ စားသောက်ရေးခက်ခဲလာသည့်အခြေအနေကို တဖက်တလမ်းက ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။
သတင်းနှင့်ရိုက်ကူး − ရန်မိုးနိုင်/Myanmar Now



