မေလနောက်ဆုံးအပတ်မှစပြီး အထက်မြန်မာပြည်ရှိ စစ်ဆေးရန် လိုအပ်မည့်သူများရဲ့ ဓာတ်ခွဲနမူနာတွေကို မန္တလေးမြို့တွင် စစ်ဆေးနိုင်တော့မှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

လက်ရှိအချိန်ထိ တစ်ရက်ကို သံသယလူနာပေါင်း သုံးရာကျော်ရဲ့ ဓာတ်ခွဲနမူနာများကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့တွင် စစ်ဆေးပေးနေသည်။

သတင်းနှင့်ရိုက်ကူး − ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်