တရုတ်နယ်စပ်မြို့များတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးလမ်းကြောင်းမှတဆင့် မန္တလေးမြို့ကိုဖြတ်သန်းပြီး နေရပ်မြို့များသို့ ပြန်လာနေကြသည်။

ဧပြီ ၂၆ ရက်နေ့တွင် စတင်ဝင်‌ရောက်လာကြပြီး၊ ပထမနေ့တွင် ၇၀၀ ကျော်၊ ဒုတိယနေ့တွင် ၄၆၀ ကျော်ဝင်ရောက်ခဲ့ပြီး နောက်ထပ် အလုပ်သမားများထောင်ချီပြီး ဆက်လက်ဝင်ရောက်လာဖို့ ရှိနေပါသည်။

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်