အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနေသော သံဃာတော်အပါး နှစ်ရာကျော်နှင့် ဘုရားဖူးလူပုဂ္ဂိုလ်တချို့ကို သီတဂူဆရာတော်မှဦးဆောင်ပြီး စစ်ကိုင်းတိုင်းအစိုးရနှင့် တပ်မတော်တို့ ပူးပေါင်းစီစဉ်မှုနဲ့ ဧပြီ ၂၂ ရက်နေ့ ညနေပိုင်းမှာ မန္တလေးတိုင်း တံတားဦးလေဆိပ်မှတဆင့် မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

ပြန်လာသူတွေထဲမှ သံဃာတော်များကို စစ်ကိုင်းတောင်ရှိ သီတဂူဝိပဿနာအကယ်ဒမီ၊ သီလရှင်များနဲ့ လူပုဂ္ဂိုလ်များကို သီတဂူဗုဒ္ဓတက္ကသိုလ်တို့တွင် ၂၁ ရက်ကြာ သွားလာကန့်သတ် စောင့်ကြည့်သွားမှာ ဖြစ်ပါသည်။

သတင်းနှင့်ရိုက်ကူး − ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်