ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ပျံ့ပွားမှုကို ပိုမိုထိန်းချုပ်နိုင်အောင် ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၇ ခုကို ဧပြီ ၁၈ မှ စတင်ပြီး အသွားအလာကန့်သတ်မှုများ လုပ်ဆောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် တားမြစ်ထားသည့် မြို့နယ် ၇ ခုမှ ရပ်ကွက်တွင်းနေထိုင်သူတချို့၏ ပူးပေါင်းပါဝင်မှုအားနည်းသဖြင့် အုပ်ချုပ်သူများကိုင်တွယ်ရာတွင် အခက်အခဲများရှိနေသလို စျေးမရောင်းရဟူသည့် တားမြစ်မှုများရှိသောကြောင့် လမ်းများအတွင်း နေထိုင်ပြီးစျေးရောင်းချသည့် စျေးသည်များအတွက်လည်း အကြပ်အတည်းနှင့်ရင်ဆိုင်နေရသည်။
သတင်းနှင့်ရိုက်ကူး − ကေဇွန်နွေး/Myanmar Now



