ဘုရင့်နောင် အမှတ် ၁ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်း အဆောင် ၁၂ ဆောင်မှာ လူဦးရေ ၂၀၀၀ ထားရှိနိုင်အောင်ပြင်ဆင်ထားပြီး လက်ရှိသံသယစောင့်ကြည့်ခံရသူ အမျိုးသား ၁၁၂ ယောက် အမျိုးသမီး ၃၀ ယောက် ရှိတယ်လို့လည်းသိရသည်။ လက်ရှိအချိန်အထိ မြန်မာတနိုင်ငံလုံးမှာ ကွာရန်တင်း ၁၄ ရက် အသွားအလာကန့်သန့်စောင့်ကြည့်ခံရသူ ဦးရေ ခုနှစ်သောင်းငါးထောင်ကျော် ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုပ်ပြန်ထားပါသည်။

သတင်းနှင့်ရိုက်ကူး − ကေဇွန်နွေး/Myanmar Now