“အခု ဧပြီလသည် ကူးစက်မှုကို ထိန်းချုပ်ဖို့ အင်မတန် အရေးကြီးသောကာလ ဖြစ်ပါတယ်” - ဒေါက်တာသာထွန်းကျော် နိုင်ငံအချို့၏ အတွေ့အကြုံအရ ကိုရိုနာဗိုင်းရပ်ပိုး ပျံ့ပွားမှုသည် စတွေ့သည့် တစ်လအတွင်း ပိုးတွေ့လူနာအရေအတွက် နည်းသော်လည်း ယင်းတစ်လနောက်ပိုင်းတွင် ‘လူအစုလိုက်၊ အပြုံလိုက်’ ကူးစက်ပျံ့ပွားတတ်သဖြင့် မြန်မာနိုင်ငံတွင် ယခု ဧပြီလသည် ပိုးကူးစက်မှုကို ထိန်းချုပ်ရန် အလွန်အရေးကြီးသော ကာလဖြစ်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသာထွန်းကျော်က Myanmar Now ကို ပြောသည်။

ရိုက်ကူးနှင့် တည်းဖြတ် − မင်းမင်း/ Myanmar Now

မေးမြန်း − ဉာဏ်လှိုင်လင်း/ Myanmar Now