မန္တလေးတိုင်းအစိုးက ထုတ်ပြန်တဲ့အမိန့်မှာ ပြည်သူလူထုအခြေခံလိုအပ်ချက်လုပ်ငန်းများမှ လွှဲပြီး ကျန်တဲ့ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းထားရမယ်လို့ ပါရှိသည်။ ဒါပေမယ့် အလုပ်သမားတွေဖက်ကတော့ အမိန့်မှာပါရှိတဲ့ စားသောက်ကုန်လုပ်ငန်းဆိုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းမှုမရှိတာကြောင့် စားသောက်ကုန်လုပ်ငန်းထဲမှာမှ မရှိမဖြစ် လိုအပ်မယ့် အခြေခံအစားအသောက်လုပ်ငန်းများကို ခွဲခြားသတ်မှတ်ကာ လုပ်ကိုင်ခွင့်ပြုပြီး ကျန်တဲ့လုပ်ငန်းများကို တိတိကျကျ ဖေါ်ပြပြီး ပိတ်ခိုင်းဖို့ တောင်းဆိုလာကြသည်။

သတင်းနှင့်ရိုက်ကူး− ရန်မိုးနိုင်/Myanmar Now

နောက်ခံစကားပြော − ခင်နှင်းဝေ/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်