တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားသည့် ပြည်ထောင်စုဝန်ကြီးသုံးဦးအနက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနေရာတွင် နောက်ထပ်တစ်ဦး ခန့်အပ်ရန် နိုင်ငံတော်သမ္မတထံ တင်ပြထားသည်ဟု သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ယနေ့ အတည်ပြုလိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ယခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် အသက် ၆၁ နှစ်ပြည့်မည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးအဖြစ်မှ အစားထိုးခံရမည်ဖြစ်သော်လည်း စစ်ဘက်တာဝန်များကို ဆက်လက်ထမ်းဆောင်ဦးမည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - မင်းမင်း/Myanmar Now

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.