အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်တစ်ဦးဖြစ်သူ ဒဂုံမြို့နယ် ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးကျော်ဇေယျကို ကမ်းလှမ်းထားသည့် ပါတီသုံးပါတီရှိပြီး ၎င်းတို့မှာ သူရဦးရွှေမန်းဦးဆောင်သည့်ပါတီ၊ ဦးကိုကိုကြီး ဦးဆောင်သည့်ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party)တို့ဖြစ်သည်။

မကြာမီကမှ ပါတီမှတ်ပုံတင်ခွင့် ရခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီကို လက်ရှိ NLD ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာသက်သက်ခိုင်က ဦးဆောင်တည်ထောင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဦးကျော်ဇေယျမှာ NLD ပါတီတာဝန်များ ရပ်ဆိုင်းခံထားရပြီး လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီ၏ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံရွေးချယ်ခြင်း မခံရပါက ပါတီရွှေ့ပြောင်းသည်မျိုး ဖြစ်လာနိုင်ကြောင်း Myanmar Now ကို ပြောသည်။

ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအား တိုင်းလွှတ်တော်တွင် မေးခွန်းများမေးမြန်းခြင်း၊ ဘတ်ဂျက်နှင့် စာရင်းစစ်ချုပ်အစီရင်ခံစာတို့ကို ထောက်ပြ၍ဆွေးနွေးခြင်းတို့ကြောင့် လူသိများထင်ရှားသူတစ်ဦးဖြစ်သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.