အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရသည်ဟုဆိုကာ ရန်ကုန်တိုင်းအစိုးရရုံးရှေ့တွင် ယမန်နေ့ကတည်းက ရောက်ရှိနေသည့် စက်ရုံအလုပ်သမားများ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးနှင့် ယနေ့ တွေ့ဆုံခွင့်ရရှိခဲ့သည်။ ထိုတွေ့ဆုံမှုတွင် အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်အပါဝင် အလုပ်ရှင်အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ပြီး အလုပ်သမားနှင့် အလုပ်ရှင်ကြား ချုပ်ဆိုထားသည့် စာချုပ်ပါ အချက်တွေကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီမှု ရရှိခဲ့သည်ဟု အလုပ်သမားများက ပြောသည်။

အစိုးရရုံးရှေ့ လာရောက်တဲ့ အလုပ်သမားများဟာ SDI Manufacturing ၊ Natural Garmant ၊ Young Clothing ၊ Myanmar Lucky နှင့် Kai Chaung စသည့် စက်ရုံ (၅) ရုံတွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.