ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ () နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေးပွဲတော်ကို မိုင်းလားမြို့ ငြိမ်းချမ်းရေးရင်ပြင်မှာ ယနေ့ (ဇွန် ၃၀ ရက်)နေ့တွင် ကျင်းပခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ၁၉၈၉ ခုနှစ် ဧပြီလတွင် ခွဲထွက်ခဲ့သည့် မိုင်းလားတပ်ဖွဲ့သည် အစိုးရတပ်မတော်နှင့် ယင်းနှစ်ဇွ န်လ ၃၀ ရက်နေ့တွင် အပစ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့သည်။

ငြိမ်းချမ်းရေးပွဲတော်တွင် စစ်ရေးပြခြင်း၊ လူမျိုးစုအလိုက် ကွင်းထဲသို့ ချီတက်ခြင်း၊ ဌာနဆိုင်ရာအလိုက် ကိုယ်စားပြု အလှပြယာဉ်များ ကွင်းထဲသို့ မောင်းနှင်ပြသခြင်း၊ မြန်မာနိုင်ငံတော် သီချင်းနှင့် အလံတိုင် လွင့်ထူခြင်းတို့ ပါဝင်သည်။

ထို့အပြင် ငြိမ်းချမ်းရေးပွဲတော်အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ ထောက်လှမ်းရေးအကြီးအကဲနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်တို့ ပေးပို့သည့် သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့သည်။

ယင်းပွဲတွင် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့လေးဖွဲ့၊ SSPP/SSA RCSS ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (NRPC) ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေး အငြိမ်းစား တပ်မတော်ဗိုလ်ချုပ်ဟောင်းများ နှင့် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်တို့ တက်ရောက်ခဲ့သည်။

ရိုက်ကူး/တည်းဖြတ် - မုန်ဆန်အောင်/Myanmar Now

မုန်ဆန်အောင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.