ခေတ်သစ်ကိုလိုနီနယ်ချဲ့ရာမှာ ဆင်းရဲမွဲတေမှုများကို ဦးစွာဖန်တီးပြီးမှ ငွေကြေးဖြင့်လွှမ်းမိုးမှုများ လုပ်ဆောင်ကြောင်း၊ မီဒီယာများကတစ်ဆင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်း ၂၀၁၈ နိုဝင်ဘာ ၁၆ ရက် လှည်းကူးမြို့နယ် ဖောင်ကြီး ဗဟိုဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်မှာ သင်ကြားပို့ချနေတာကို #Myanmar_Now သတင်းဌာနက သွားရောက်လေ့လာခဲ့ပါတယ်။ သင်ကြားချက်များဟာ အထက်အဆင့်ဆင့်တာဝန်ရှိသူများရဲ့လမ်းညွှန်မှုအတိုင်း သင်ကြားရတာဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံတွဲဖက်ပါမောက္ခ ဒေါ်ယဉ်ယဉ်နွဲ့က ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ် - ကေဇွန်နွေး (Myanmar Now)

