မင်္ဂလာတောင်ညွန့်မြို့နယ် ကန်/အနောက်ရပ်ကွက်၊ လမ်း ၉၀ ရှိ တိုက်တန်း တစ်ခုတွင် လက်ရှိနေထိုင်သူများအား လေလံအောင်သည့် ဘက်က ယနေ့ လာရောက်ဖယ်ရှားခဲ့သည့်အတွက် နှစ်ဖက် အငြင်းပွားခဲ့ကြသည်။

တရားရုံးအမိန့်(အပ်ဝရမ်း) ဆိုသည်မှာ တရားမအမှုတွင် တရားနိုင်၏ မြေပေါ်ရှိ အဆောက်အဦတွင်ရှိသူကို အင်အားသုံးနှင်ထုတ်ခြင်းကိုဆိုလိုသည်။ နေအိမ်တွင်နေထိုင်သူ များသည် လက်ရှိတိုက်ခန်းတွင် နေထိုင်ခဲ့သည်မှာ မြေပိုင်ရှင် ခြောက်ဆက်ပင် ရှိခဲ့သည်ဟုသိရသည်။

ကာလတန်ကြေးကျပ်သိန်းနှစ်ထောင်တန်ဖိုးရှိ ၎င်းနေအိမ်အား ကျပ်သိန်း ၇၅၀ ဖြင့်ယနေ့ရဲစခန်းတွင်ညှိနှိုင်းဖြေရှင်းနိုင်ခဲ့ပြီး ယနေ့ည ၁ဝနာရီနောက်ဆုံးထားနေအိမ်မှထွက်ခွာပေးရမည်ဖြစ်ကြောင်း ကာယကံရှင်များကပြောသည်။

အဆိုပါကိစ္စရပ်သည် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်ကတည်းက ဖြစ်ပွားနေသည့်အမွေဆိုင်အိမ်ဖြစ်ပြီး အိမ်ရှင်မြေရှင်နှင့် မိသားစုကြားပြဿနာများဖြစ်သည်။

ရိုက်ကူး/တည်းဖြတ် - ကေဇွန်နွေး (Myanmar Now)