တပ်မတော်နဲ့ပတ်သက်ပြီး တိုင်ကြားလာသူတွေ မရှိသေးကြောင်း၊ အခြေခံဥပဒေအရ အဲ့ဒီအမှုမျိုးကို ကော်မရှင်နဲ့ အရပ်ဘက်ဌာနဆိုင်ရာတို့က ကိုင်တွယ်ခွင့် မရကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကပြောပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ကရန်ကုန်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားအပြီး သတင်းစာရှင်းလငး်ပွဲမှာ ကော်မရှင်ဥက္ကဌ ဦးအောင်ကြည်ကပြောကြားခဲ့တာပါ။

ကော်မရှင်ကိုတိုင်ကြားလာတဲ့တိုင်စာဆယ်စောင်ရှိပါက ယျေဘုုယျအားဖြင့်နှစ်စောင်ခန့်ကိုသာ အရေးယူနိုင်ပြီး ကျန်တိုင်စာတွေက အဂတိဥပဒေနဲ့ကိုက်ညီမှုမရှိတာကြောင့် အရေးမယူနိုင်တာမျိုးတွေရှိကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွှန့်ကပြောပါတယ်။

ကေ်ာမရှင်တိုင်ကြားလာတဲ့အကြောင်းအရာတွေကို ချက်ချင်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးအချက်အလက်မှန်ကန်ပါက အရေးယူလုပ်ဆောင်မှုတွေပြုလုပ်ကြောင်း လက်ရှိစစ်ဆေးနေဆဲအကြောင်းအရာတွေလည်းရှိကြောင်းနဲ့ အဂတိဥပဒေနဲ့မငြိစွန်းတဲ့လူမှုရေးပြဿနာတွေတိုင်ကြားမှုတွေလည်းရှိကြောင်း မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကပြောပါတယ်။