ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးကို ရပ် ကွက်နေပြည်သူအင်အား ၃၀ ခန့်က ကန့်ကွက်တဲ့အနေနဲ့ သာကေတကျောက်တိုင် ကားမှတ်တိုင်ကနေ ဂျပန်တံတား သင်္ဘောကျင်းမှတ်တိုင်အထိ ဒီကနေ့ မွန်းလွဲပိုင်းမှာချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ရပ်ကွက်ထဲက လောင်းကစားပြဿနာတွေ နဲ့တခြားသောလူမှုရေးကိစ္စ တွေဖြေရှင်းပေးရာမှာဘက်လိုက်မှုတွေ မမျှတမှုတွေ အဂတိလိုက်စားမှုတွေရှိနေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးကို ဖြုတ်ချပေးဖို့တောင်းဆိုခဲ့ကြတာလို့ ဆန္ဒပြကြသူတွေကပြောပါတယ်။

ရိုက်ကူး/တည်းဖြတ် - ကေဇွန်နွေး (Myanmar Now)