နိုင်ငံတော်အသိအမှတ်ပြု ဟဂျ်(ခရီးသွား) ကော်မတီတစ်ရပ်ပေါ်ပေါက်ဖို့အတွက်
နိုဝင်ဘာလ (၁၁)ရက်နေ့က ရန်ကုန်မြို့ မဟာဗန္တုလပန်းခြံရှေ့မှာ အစ္စလာမ်ဘာသာဝင် တစ်ချို့က ဆန္ဒပြုတောင်းဆိုခဲ့ကြပါတယ်။
နှစဉ်အစိုးရ ခွင့်ပြုတဲ့ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေက ခရီးသွားတွေကို အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အထိပ်ဖြစ်ရာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကိုဘုရားဖူးခရီးစဉ် ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။
ဒီလိုပို့ဆောင်ရာမှာ သတ်မှတ်ငွေကြေးထက်ပိုမိုတောင်းယူပြီး တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ ခရီးသွားအေဂျင်စီတွေက ခရီးသွားတွေကိုု ငွေကြေးခေါင်းပုံဖြတ်မှုတွေ ရှိနေပြီး နယ်မြို့ကခရီးသွားတွေအများစု ပါဝင်တယ်လို့ ဆန္ဒပြသူတွွေကပြောပါတယ်။
"နိုင်ငံသားမွတ်စလင်များကို ကိုယ်စားပြုသောနိုင်ငံတော်အသိအမှတ်ပြု ဟဂျ်(ခရီးသွား) ကော််မတီတစ်ရပ်ပေါ်ပေါက်ရေး" ၊ "ကိုယ်ကျိုးအမြတ်ထုတ် ဟဂျ်အေဂျင်စီများအလိုမရှိ"စတဲ့ ဗီနိုင်းစတွေကိုင်ဆောင်ပြီးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် - ကေဇွန်နွေး (Myanmar Now)

