ရိုက်ကူး/တည်းဖြတ် - ကေဇွန်နွေး (Myanmar Now) ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မယ်စဲ့တိုက်နယ်ကက်သလစ် သာသနာမြေတစ်ချို့ကိုသိမ်းပိုက်ထားတယ်လို့ ကက်သလစ်ဘာသာဝင်တွေက နိုဝင်ဘာလ (၈)ရက်နေ့ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မေလက စတင်ကာဘုန်းတော်ကြီးများ တာဝန်ကျနေရာ ပြောင်းရွှေ့ချိန်အတွင်း နောင် ဝန်ကြီးချုပ်ဖြစ်လာမယ့် မယ်စဲ့မြို့နယ်လက်ထောက်ပညာရေးမှူး ဆရာဖိုးချို(ခေါ်) ဦးအယ်လ်ဖောင်းရှိုကနေ သာသနာမြေအတွင်း ခြံခတ်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲပြုလုပ်သူတွေကပြောပါတယ်။ ဦးအယ်လ်ဖောင်းရှိုကယားပြည်နယ် ဝန်ကြီးချုပ်ဖြစ်လာပြီး ၂၀၁ရခုနှစ် မေလက အဲ့ဒီခြံနေရာမှာ သက်သလစ်ဘုန်းတော်ကြီးတွေနဲ့ သာသနာပိုင်အဖွဲ့ အစည်းတွေရဲ့ သဘောထားမေးမြန်းတာမျိုးမရှိဘဲ မြေညှိတာ၊မြောင်းတူးတာတွေပြုလုပ်ခဲ့ တယ်လို့ပြောပါတယ်။ ကက်သလစ်သာသနာပြုအဖွဲ့ကနေ ဒီလိုပြသနာတွေကို အစိုးရအဖွဲ့နဲ့တာဝန်ရှိသူတွေကို အဆင့်ဆင့်တိုင်ကြားခဲ့ပေမယ့် ထူးခြားမှုမရှိခဲ့ဘူးလို့ပြောပါတယ်။ ဝန်ကြီးချုပ် အပေါ် စွပ်စွံခံရမှုကို Myanmar Now ကနေ ဝန်ကြီးချုပ်ရုံးနဲ့ ကယားပြည်နယ်အစိုးရရုံးကို ဖုန်းနဲ့ ၃ ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားဖို့ မအားလပ်သေးကြောင်းသာ တုန့်ပြန်ခဲ့ပါတယ်။

