၅ နှစ်တစ်ကြိမ်ပြုလုပ်တဲ့ Religious for Peace ကမ္ဘာလုံးဆိုင်ရာညီလာခံမှာ ရခိုင်ပြည်နယ် အရေးကိစ္စတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတင်သွင်းသွားဖို့ ရှိကြောင်း ငြိမ်းချမ်းမြန်မာအဖွဲ့က ပြောပါတယ်။
ဂျာမနီနိုင်ငံမှာ သြဂုတ်လ အတွင်းကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာညီလာခံအတွက် အာရှတိုက်လုံးဆိုင်ရာဘာသာပေါင်းစုံ ကြိုတင် ညှိနှိုင်းအစည်းအဝေးကို မတ်လ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာရှိတဲ့ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီးကျောင်းတိုက်မှာ ပြုလုပ်နေတာပါ။
ဒါ့အပြင် Religions for Peace (International ) နဲ့ Religions for Peace (Myanmar ) ငြိမ်းချမ်းမေတ္တာအဖွဲ့တို့ရဲ့ ၂၀၁၉ ခုနှစ်နဲ့၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာပြုလုပ်မယ့် ငြိမ်းချမ်းရေး ဖိုရပ်တွေကို ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဒီနေ့ညှိနှိုင်းအစည်းအဝေးဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။
Religions for Peace ငြိမ်းချမ်းမေတ္တာအဖွဲ့က နိုင်ငံပေါင်း ၉၀ ကျော်မှာ ဖွဲ့စည်းထားပြီး အာရှတိုက်အတွင်း အဖွဲ့ဝင်နိုင်ငံပေါင်း ၂၁ နိုင်ငံရှိကာ ၅ နှစ်တစ်ကြိမ် ဘာသာပေါင်းစုံ စုံညီအစည်းအဝေး ပြုလုပ်ကြတာဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် - ကေဇွန်နွေး (Myanmar Now)

