၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကြေညာ

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကြေညာ

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိသည့် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့က သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲအဖွဲ့ခွဲရုံးများတွင် စာရင်းများဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ပြည်သူများအနေဖြင့် မဲစာရင်းလာရောက်ကြည့်ရှုပြီး မဲစာရင်းတွင် အမည်စာရင်း မပါဝင်ပါက ပုံစံ(၃)ဖြင့် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လိုအပ်သည့် ပုံစံများကို ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများမှ အခမဲ့ရယူနိုင်မည်ဖြစ်သည်။ ပြင်ဆင်လိုက်သည့် အချက်အလက်များကို အောက်တိုဘာလတွင် ထပ်မံပြီး ကြော်ငြာထုတ်ပြန်ပေးမည်ဖြစ်ပြီး မှားယွင်းမှုများရှိနေသေးပါက ပြည်သူများ မဲပေးခွင့် မဆုံးရှုံးနိုင်ရန်အတွက် ထပ်မံပြင်ဆင်ခွင့်ရရှိမည်ဖြစ်သည်။

Continue Reading