PTA
မိုင်းပေါက်ကွဲမှုအရှိန်ကြောင့် လူ ၉ ဦးစီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ် လွင့်စင်သွားခဲ့ပြီး အသက် တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ကျန်သူများလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်
Published on Nov 17, 2020
အမ်းမြို့နယ် တပ်တောင်တိုက်နယ်တွင် နေထိုင်သူ အသက် ၄၇ နှစ်အရွယ် ဦးကျော်နုမောင်ကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သမီးဖြစ်သူက ဆိုသည်
Published on Nov 16, 2020
ရခိုင်အမျိုးသားပါတီသည် ပြည်ထောင်စုလွှတ်တော် ၁၃ နေရာအနက် ၈ နေရာ အနိုင်ရခဲ့ပြီး ကျန် ၅ နေရာကို အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃ နေရာ၊ ပြည်ခိုင်ဖြိုးနှင့် ရခိုင့်ဦးဆောင်ပါတီတို့က ၁ နေရာစီ ရရှိခဲ့သည်
Published on Nov 9, 2020
စစ်ရေယာဉ်အနီး ရောက်လာသည့် မသင်္ကာဖွယ်လှေ ၂ စီးကို ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ တစ်ဦးသေဆုံးပြီး အခြားတစ်ဦးဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်
Published on Nov 5, 2020
ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စု ၃ ခုနှင့် အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၄ ခုတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့တွင် ထပ်မံထုတ်ပြန်ကြေညာခဲ့သည်
Published on Oct 28, 2020
ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပြီးနောက် နည်မြေတည်ငြိမ်မှုရှိသည့် ပေါက်တော၊ မောင်တော၊ စစ်တွေနှင့် တောင်ကုတ်မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရန် သဘောတူညီခဲ့ကြသည်
Published on Oct 27, 2020
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၉ ခုနှင့် အခြားမြို့နယ်လေးခုရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကြေညာထားမှုကို ပြန်လည်စိစစ်သုံးသပ်ပေးရန် ရခိုင်နိုင်ငံရေးပါတီများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာပေးပို့ တောင်းဆိုထားသည်
Published on Oct 23, 2020
အသက် ၇၀ အရွယ်ရှိ ရသေ့တောင် မြို့မိမြို့ဖနှစ်ဦးမှာ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး သွားရောက်စဉ် အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး AA အဖွဲ့က ဖမ်းဆီးခြင်းဖြစ်သည်ဟု ယူဆကြောင်း အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူ မျက်မြင်တစ်ဦးက ပြောသည်
Published on Oct 22, 2020
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲမကျင်းပနိုင်တော့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပြီးနောက် ရခိုင်အမျိုးသားပါတီက ပြည်နယ်တောင်ပိုင်းတွင် ပထမဆုံးအကြိမ် အင်အားပြ မဲဆွယ်စည်းရုံးရေး စတင်ခဲ့သည်
Published on Oct 21, 2020
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ ခုနှင့် မြို့နယ်အချို့ရှိ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်သောကြောင့် ရခိုင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၇ နေရာနှင့် ပြည်နယ်လွှတ်တော် ၂၀ နေရာ စုစုပေါင်း ၃၆ နေရာ လစ်လပ်မည်ဖြစ်သည်
Published on Oct 17, 2020
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)၏ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို ယနေ့ (အောက်တိုဘာ ၁၄) နံနက် ၁၀ နာရီကျော်ခန့်က အမည်မသိလက်နက်ကိုင် ၁၀ ဦးခန့်က ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြို့နယ် NLD ဥက္ကဌ ဦးတင်သိန်းအောင်က ပြောသည်။
Published on Oct 14, 2020
ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဟောင်းဖြစ်သူ ဒေါက်တာတင်မာအောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်နေရာအတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ကိုယ်စားပြုကာ ရခိုင်ပြည်နယ်တောင်ပိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်
Published on Oct 7, 2020













